၂၄.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးနွယ်-စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဒေါပုံမြို့နယ်၊ Capital အတွင်းရှိ ရောင်းချသည့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ရန် ဆိုင်တာဝန်ခံနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရပါ သည်။
အဆိုပါ လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား စစ်ဆေးရာတွင်သွားတိုက်ဆေးအမျိုးမျိုး၊ ကိုယ်တိုက်ဆပ်ပြာအမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြပါခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များလည်း ပါရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)