Main menu

“ ကော့မှူးမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေများပစ္စည်းပြတ်လပ်မ ရှိ/မရှိစစ်ဆေးခြင်း ”

Powered by Drupal

ကော့မှူးမြို့နယ်၊ ဇန်နဝါရီလ  (၂၇) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များတွင် ဘိလပ်မြေများပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိ အခြေအနေ အား စားသုံး သူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဇန်နဝါရီလ (၂၆)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးနှုန်းဈေးကွက်စုံစမ်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ်စားသုံးသူ ရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးတင်မင်းသည် အမှတ် (၁၁၉)စည်ပင်လမ်း ရွှေဖိုးတေ ကုန်မာဆိုင်၊ အမှတ် (၂၃၀)စည်ပင်လမ်း မကျီးတန်းရပ်ကွက် ဝနအောင်ကုန်မာဆိုင်၊ အမှတ်(၂၂၆) စည်ပင်လမ်း မကျီးတန်းရပ်ကွက်ရှိ မြင့်မိုရ်ကုန်မာဆိုင်၊ အမှတ် (၁၆၉) ဗိုလ်ချုပ်လမ်း၊ ပြည်တော်သာရပ်ကွက်ရှိ အကယ်ဒမီ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိ ဝယ်ယူရရှိမှုအခြေအနေနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ အား ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များအား မေးမြန်းစုံစမ်းခဲ့ရာတွင် ကော့မှူးမြို့နယ်အနေဖြင့် အိမ်ရာအဆောက်အဦးအသစ် တည်ဆောက် ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်မွမ်းမံ တည်ဆောက်ခြင်း လုပ်ငန်းများကိုသာ ပြန်လည်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသောကြောင့် ဘိလပ်မြေဝယ်ယူရရှိနေမှု လက်ရှိ အခြေအနေအရ မြို့နယ်အတွက်လုံလောက်မှုရှိပြီး ပြန်လည်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသော ဈေးနှုန်းအနေဖြင့်လည်း ဝယ်ယူရရှိသည့်ဈေးနှုန်းအပေါ်သယ်ယူစရိတ်ပါ အမြတ်ရာခိုင်နှုန်း အနည်းငယ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပြန်လည်ဖြေကြားပေးခဲ့ပြီး မြို့နယ်တာဝန်ခံ က ဘိလပ်မြေပစ္စည်းများအား ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ၊ ဈေးနှုန်းအဆမတန်မြှင့်တင် ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်းကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)