Main menu

“ တွံတေးမြို့နယ်ရှိအိမ်ဆောင်ပစ္စည်းအရောင်းဆိုင်များတွင်ဘိလပ်မြေများပြတ်လပ်မှုရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

တွံတေးမြို့နယ်၊ ဇန်နဝါရီလ  (၂၇) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ အိမ်ဆောင်ပစ္စည်းအရောင်းဆိုင် များတွင် ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိကို စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြိုနယ် စားသုံးသူရေးရာဦးစီးဌာန တွံတေးမြိုနယ် တာဝန်ခံရုံးမှ ဦးအာကာမင်းသည် အမှတ်(၃၃၆) ဗိုလ်ချုပ်လမ်း၊ ကွမ်းခြံကုန်း ရပ်ကွက် လှလှရီ အုတ်၊ သဲ၊ ကျောက်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်နှင့် ဘုရားသုံးဆူကူးတို့ ဆိပ်၊ ကွမ်းခြံကုန်းရပ်ကွက်ရှိ ခြူးမြတ်ခြူးမြတ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး အရောင်းဆိုင် တို့တွင် ဘိလပ်မြေပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မှရှိတို့အား လုပ်ငန်းရှင်များကို ဝယ်ယူရရှိမှု အခြေအနေနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချမှုအခြေအနေတို့အား မေးမြန်းစုံစမ်းခဲ့ရာတွင် မြို့နယ်အတွင်း အိမ်ရာအဆောက်အဦးတည်ဆောက်ခြင်းနှင့် ဘုန်းကြီး ကျောင်းများ မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများသာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသောကြောင့် ဘိလပ်မြေဝယ်ယူရရှိနေမှု လက်ရှိအခြေအနေအရ မြို့နယ်အတွက်လုံလောက်မှုရှိပြီး လက်ရှိ ဈေးနှုန်းအရဝယ်ယူရရှိသည့် ဈေးနှုန်းအပေါ် အမြတ်ရာခိုင်နှုန်းနှင့် သယ်ယူစရိတ်အနည်းငယ် ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချလျက် ရှိသည် ကို မေးမြန်းသိရှိရပြီး အရောင်းဆိုင်ပိုင်ရှင်များအား ဘိလပ်မြေ ပစ္စည်းများကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပြီး ဈေးကွက်ကွင်းဆင်းစစ်ဆေး စုံစမ်း ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)