
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၇.၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အိုင်ဘီဒီဖော်မြန်မာစင့် ၂၀၁၃ Online Sales လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ အမှတ်(၄၇၃-ခ)၊ မင်းဘူးလမ်း၊ (၉)ရပ်ကွက်၊ လှိုင်သာယာ မြို့နယ်နေ ဒေါ်အေးခိုင်ဝင်း အွန်လိုင်းမှတ်ပုံတင်ရာတွင်ထည့်သွင်းလျှောက်ထားသည့်အချက်များနှင့် မြေပြင်စစ်ဆေးသည့်အချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)