Main menu

သထုံမြို့၌ ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးနှင့်ကျောင်းတွင်းအာဟာရ ကျွေးမွေးရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ သထုံမြို့နယ်တာဝန်ခံတက်ရောက်

Powered by Drupal

          ၂၄.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းသည် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ကျောင်းကျန်းမာရေး ကော်မတီအစည်းအဝေးနှင့် ကျောင်းအတွင်းအာဟာရကျွေးမွေးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ သို့တက်ရောက်ခဲ့ပါသည်။

          ဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးဇော်မိုးစိုးက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးက ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ အချိန်ကာလနှင့်ဦးတည်အုပ်စု၊ အာဟာရကျွေးမွေးမည့်အကြိမ်အရေအတွက်၊အာဟာရကျွေးမွေးခြင်းနှင့်အတူဆောင်ရွက်ရမည့် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အန္တရာယ်ကင်းရှင်းရေး၊ လိုက်နာရမည့်အချက်များ စသည့် ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းဆွေးနွေးကာ မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးက သထုံမြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းဆောင်ရွက်ခဲ့မှု၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်သည်တို့ကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မွန်)