
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂.၁.၂၀၂၅)ရက်နေ့ နေ့လည် (၁၄:၀၀) အချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဓါတ်မြေဩဇာ အရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိ၊ သဘာဝမြေဩဇာများ ထုတ်လုပ်နိုင်ခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်မြို့နယ်အတွင်းရောင်းချနေသော ဓါတ်မြေဩဇာ များဖြစ်သည့် ယူရီးယား(လုံးကြီး) ၅၀ ကီလို တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်၊ Rock phoaphate အခြေခံ ၅၀ ကီလိုတစ်အိတ်လျှင် ၁၂၄၀၀၀ ကျပ်နှင့် DIAmmonium phosphate ၅၀ ကီလိုတစ် အိတ်လျှင် ၁၃၅၀၀၀ ကျပ်ဖြင့်သာ ရောင်းချလျက်ရှိပြီး၊ လုပ်ငန်းရှင်များအနေဖြင့် သဘာဝမြေဩဇာ ကိုလည်း ထုတ်လုပ်နိုင်ခြင်း မရှိကြောင်းစိစစ်တွေ့ရှိရပါသည်။ ဓါတ်မြေဩဇာဈေးနှုန်းများမှာလည်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိပဲ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အရောင်းဆိုင်(၆)ဆိုင်အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)