Main menu

ဘိုကလေးမြို့ရှိ သဘာဝနဂါးနီဟံမုန့်မျိုးစုံလုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်နေ့  နံနက်(၁၀:၀၀) အချိန်တွင် မြို့မ (၈)ရပ်ကွက်၊ (၁)လမ်းရှိ သဘာဝနဂါးနီဟံ မုန့်မျိုးစုံလုပ်ငန်းသို့ ကွင်းဆင်း၍ ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ သဘာဝနဂါးနီဟံလုပ်ငန်းမှထွက်ရှိသော မုန့်မျိုးစုံတွင် ပါဝင်ပစ္စည်းများမှာ ဂျုံ၊သကြား၊ကြက်ဥ၊ဆီ၊ရေသန့်၊ဆားများ ပါဝင်ပြီး၊ တစ်ရက်တာထုပ်လုပ်မှုအနေဖြင့် ဘူးရေ ပေါင်း (၁၀၀၀) ထုပ်လုပ်နိုင်ပြီး၊ ဈေးနှုန်းအနေဖြင့် ပတ္တမြားကိတ်ထုတ်သေး(၂၅၀)ကျပ်၊ နကထိုင် ထုတ်သေး (၄၃၀)ကျပ်၊ ဒါးလှီးမုန့်(၆၀၀)ကျပ်၊ ကိတ်မုန့်ထုတ် (၁၃၀၀)ကျပ်ဖြင့် လက်လီ/လက်ကား ဈေးနှုန်းအသီးသီးဖြင့်ရောင်းချလျက်ရှိပြီး အခြားဒေသများဖြစ်သော ကဒုံကနိ၊ မြင်းကကုန်း ကျေးရွာများအထိ ဖြန့်ဝေရောင်းချလျက်ရှိကြောင်း သိရသသည်။ ထိုလုပ်ငန်းတွင် လုပ်သားဦးရေ (၈)ဦးခန့်ရှိပြီး၊ ထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး အတွက် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေပါ ပုဒ်မ (၄၁)နှင့်(၄၃) ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်း ဆိုင်ရာ ရှင်းလင်းခဲ့ပြီး MSMEs လုပ်ငန်းများ ဖွံ့ဖြို့တိုးတက်စေရန် မြို့နယ် တာဝန်ခံမှ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)