စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက် နေ့၊ နံနက်(၀၈;၃၀)နာရီအချိန်တွင် ကယားပြည်နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စားအုန်းဆီများအား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ်ပြည့်မီ မှုရှိ/မရှိကို မြို့နယ်စားအုန်းဆီနှင့်ဆန်ရောက်ရှိမှု စိစစ်ကြီးကြပ်ရေး အဖွဲ့ဖြင့်ပူးပေါင်း၍ ကွင်းဆင်း ကြပ်မတ်ခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၂)မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၁၀) ရက်နေ့အထိ လက်ကားရည်ညွှန်း ဈေးအပေါ်အခြေခံ၍ ဒေသအရောက်ဈေးထပ်ပေါင်းပြီး တစ်ပိဿာလျှင် (၈၂၀၀)ကျပ်ဖြင့် လူ တစ်ဦးလျှင် တစ်ပိဿာနှုန်း ရောင်းချပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။
ထို့ပြင် စားအုန်းဆီများရောင်းချရာတွင်အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ ဝန်ထမ်းများနှင့် ပြည်သူများလက်ဝယ်သို့ သက်သာသောနှုန်းထားဖြင့် အမှန်တကယ်ရောင်းချစေရေး၊ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှု မရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် စားအုန်းဆီ ရောင်းချလျက်ရှိသော အရောင်းဆိုင်များအား မြေပြင်အခြေအနေ ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)