မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းပြီး ဇန်နဝါရီလ (၂၄)ရက်နေ့ ၊ နံနက်(၉:၀၀) အချိန်တွင် ကျောက်ဆည်မြို့ ၊ စဉ့်ကိုင်မြို့ ၊ မြစ်သားမြို့ ၊ တံတားဦးမြို့ပေါ်ရှိ အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင် များသို့ သွားရောက်၍ အလှကုန်ပစ္စည်းများပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ စစ်ဆေးခဲ့ပြီး အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများပေါ်၌ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာ ဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြား ချက်များအားအထူးအလေးထားလိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပြီး အလှကုန်ပစ္စည်း ရောင်းချသည့် ဆိုင်ပေါင်း(၁၀)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါ သည်။
DOCA(မန္တလေး)