Main menu

ဘိုကလေးမြို့နယ်(၃)ရပ်ကွက် ပြည့်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဇန်နဝါရီလ(၂၆)ရက်နေ့ နေလယ်(၁၃:၀၀)နာရီအချိန်တွင် (၃)ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

           ထို့အခမ်းအနားတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊  ကျန်းမာရေးစိတ်ကျေနပ်မှုရရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူရာ၌      ကုန်စည်များတွင်    ကုန်အညွှန်းအမှတ်အသား  ဖော်ပြချက်များ    ပါရှိပြီး မြန်မာဘာသာဖြင့်ရေးသား  ဖော်ပြချက်များအား ဖတ်ရှုရန်လိုကြောင်း FDA၏ ထောက်ခံချက်နှင့် သက်တမ်းကုန်ဆုံးရက်စွဲများ သေချာစွာအလေးထားကြည့်ရန်လိုကြောင်း ဈေးကွက်အတွင်းတွင် ရောင်းချနေသည့် စားအုန်းဆီဘူးများတွင် ဖော်ပြချက်များကို သေချာကြည့်ရှုရာတွင် ပါဝင်ပစ္စည်း အချက်အလတ်များရှိနေပြီး မြန်မာယူနစ်ဖြစ်သော ပိဿာ/ကျပ် သားများဖော်ပြချက်များကို သေချာကြည့်ရှုရန် လိုပါသည်။

          ထိုနောက် Online Shop နှင့် စပ်လျဉ်း၍ ဆောင်ရန်ရှောင်ရန် များကိုလည်း အကျယ်တဝင့် ဟောပြောဆွေးနွေးပြီး Online Shop ရောင်းချသူများအနေဖြင့် မှတ်ပုံတင် မဖြစ်မနေလုပ်ဆောင်ကြရန်လိုကြောင်းနှင့် ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူကျေနပ်မှုမရှိပါက “၁၅၃၅” သို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများမှ တင်ပြ ဆွေးနွေးသည့်အပေါ် တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းခဲ့ပြီး  တက်ရောက်သူဦးရေ(၄၇)ဦးရှိပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)