
မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဝန်ထမ်းများသည် ၂၈.၁.၂၀၂၅ ရက်နေ့တွင် သထုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)ရှိ ၂၀၂၅ ခုနှစ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက်စဉ်ဆက်ပညာရေးလုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်အဆင့်နည်းပြနှင့် ကြီးကြပ် သင်တန်းသို့ သွားရောက်၍ ပညာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် သထုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးထွန်းအောင်ဖြူ က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများဖြစ်သည့် စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် တာဝန် (၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန် (၁၁) ချက်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင် သည့် နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပြစ်မှုပြစ်ဒဏ် များအကြောင်းတို့အား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ပညာရေးမှ ဆရာ/ဆရာမ (၁၄၃) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။
DOCA(မွန်)