Main menu

ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

          ၂၈.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးဇော်ဦး တို့သည် ကျိုက်ထိုမြို့နယ် အခြေခံပညာအထက်တန်း အ.ထ.က(၁)ကျောင်း၌ ၂၀၂၅ ခုနှစ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အတွက်စဉ်ဆက်ပညာရေး လုပ်ငန်းဆောင်ရွက်ရန် ပြည်နယ်အဆင့်နည်းပြနှင့် ကြီးကြပ် သင်တန်းသို့ သွားရောက်၍ ပညာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင်ကျိုက်ထိုခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုခရိုင်ဦးစီးမှူး ဦးအောင်ကျော်မင်းက စားသုံးသူကာကွယ်ရေး ဥပဒေပါသိကောင်းစရာအကြောင်းအရာများ ဖြစ်သည့် စားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူများလိုက်နာရမည့် တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်(၁၁)ချက်၊ဥပဒေ၏ အခန်း(၁၁)ပါကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြား နိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကုန်အညွှန်းအမှတ် အသားနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ပညာရေးမှ နည်းပြနှင့်ကြီးကြပ် (၃၃) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(မွန်)