Main menu

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းရှင်များနှင့် အသိပညာပေးပြုလုပ်ဟောပြော ဆွေးနွေးခြင်း

Powered by Drupal

          မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းသည် (၂၇.၁.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်တာဝန်ခံရုံး၌ အလှကုန်ပစ္စည်း များ၊ စားသောက်ကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသူ လုပ်ငန်းရှင် (၂) ဦးအား ခေါ်ယူ၍ စားသုံးသူကာကွယ်ရေး ဥပဒေတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပါဝင်ရမည့်အချက်များ၊ Online Shopping ရောင်းချခြင်း၊ ဝယ်ယူခြင်းနှင့် ပတ်သက်၍ သုံးစွဲသူပြည်သူများ ငွေကြေးလိမ်လည်ခံရသည့် ဖြစ်စဉ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အချက်များ၊ အွန်လိုင်းရောင်းချခြင်းအတွက် အွန်လိုင်း မှတ်ပုံတင်လိုင်စင်ပြုလုပ်ရန်နှင့် လိုင်စင်ပြုလုပ်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)