Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးနှုန်းအခြေအနေနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၆.၁.၂၀၂၅)ရက်နေ့ နေ့လည်(၃:၃၀)အချိန်တွင် ဝါးခယ်မမြို့နယ် အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေများဈေးနှုန်းအခြေအနေနှင့် ပစ္စည်း ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိနှင့် လက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ ယခုရာသီတွင် ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ကိုင်ချိန်ဖြစ် ၍ဘိလပ်မြေများဝယ်လိုအားများခြင်း၊ ကုန်ပစ္စည်းများအဝင်နည်းခြင်းကြောင့် ဘိလပ်မြေလက်ကျန်များ လျော့နည်းလျက်ရှိကြောင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် ဘိလပ်မြေကုန်ပစ္စည်းများအပေါ် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ ပစ္စည်းမှန်ဈေးနှုန်းမှန်ကန်စွာဖြင့် သုံးစွဲသူပြည်သူများအားရောင်းချပေးရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ပစ္စည်းသိုလှောင်ထားရှိခြင်းများ တွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)