Main menu

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဘိလပ်မြေဈေးနှုန်း နှင့် ရောင်းချမှု အခြေအနေ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌန စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းတို့၊ စည်/ပင် ဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များ ရောင်းချမှု အခြေအနေ၊ ဈေးနှုန်း/ဈေးကွက် မေးမြန်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဤအချိန်ကာလသည် ဆောက်လုပ်ရေးအချိန် ကာလဖြစ်နေ၍ ဝယ်ယူအား များနေလျက်ရှိကြောင်း သိရခြင်း၊ လုပ်ငန်းရှင်အနေဖြင့် ဝယ်ယူရရှိသည့် အိတ်အရေအတွက် ခွဲတမ်းဖြင့် အမှန်တစ်ကယ် ဆောက်လုပ်လျက်ရှိသော စားသုံးသူပြည်သူများအား (၁၀)အိတ်နှုန်းထားဖြင့် မျှတစွာ ရောင်းချမှု ပေးနေမှု ရှိနေကြောင်း၊ ပစ္စည်းပျက်လတ်မှု မရှိရအောင် ခွဲတမ်းရရှိမှုအား ကြိုတင်မှာယူလျက်ရှိနေကြောင်း သိရှိရပြီး၊ ဘိလပ်မြေတံဆိပ်အလိုက် ဈေးနှုန်းထားများ မေးမြန်းစုံစမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)