Main menu

ပဲပုပ်သီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

          မြန်မာနိုင်ငံ၏ အလယ်ပိုင်း၊အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းတွင် ပါဝင်သော မြင်းခြံမြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီး ဆည်ရေသောက်အသင့်အတင့်ရှိသဖြင့် ကြက်သွန်နီ၊ ဆီထွက်သီးနှံများ၊ ပြောင်းနှင့်ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲပုပ်သီးနှံကိုလည်း အားထားစိုက်ပျိုး လျက်ရှိပါသည်။

          ပဲပုပ်သီးနှံသည် အာဟာရဓာတ်ကြွယ်ဝသလို ပရိုတင်းဓာတ်လည်း များစွာပါဝင်ပြီး ဟင်းလျာအဖြစ်လည်းကောင်း၊ အကြော်အလှော်အဖြစ်လည်းကောင်း၊ အသင့်စား စားသောက် ကုန်များအဖြစ် ပဲပုပ်ကြော်၊ ပဲပုပ်ငရုတ်စပ်ကြော်၊ ပဲပုပ်ကြက်သွန်ကြော်၊ ပဲပုပ်စေ့လှော်၊ ပဲပုပ်ဂျူးကြော်နှင့် ပဲပုပ်မြေပဲပွကြော်များကိုလည်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း နှင့် သက်သတ်လွတ်စားသုံးသူများအတွက်လည်း အားထားရသော အစားအစာ၊ ဟင်းလျာ တစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

          ပဲပုပ်သီးနှံကို ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးပြီး မတ်လ၊ဧပြီလနှင့် မေလဆန်းတို့တွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိပါသည်။ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာမြင့်ကြောင်း၊ မြင်းခြံမြို့နယ်တွင် ယခုနှစ်ပဲပုပ်စိုက်ဧက လျာထား(၆၂၀၀)ဧကအပေါ် ရာနှုန်းပြည့်စိုက်ပျိုးထားရှိပြီး ဧပြီလကုန်နှင့်မေလဆန်းတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်းနှင့် ပဲပုပ်သီးနှံကို ဒေသတွင်းစားသုံးရန်အတွက်သာ စိုက်ပျိုး ကြကြောင်းသိရှိရသည်။

DOCA(မန္တလေး)