Main menu

မြင်းခြံမြို့နယ်တွင် စားအုန်းဆီများ လက်လီ/လက်ကားရောင်းချနေမှုအခြေအနေ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကိုလည်း ဆောင်ရွက် လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၇-၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မြင်းခြံမြို့ရှိ စားအုန်းဆီလက်လီ/လက်ကား ရောင်းချနေသော ဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် (၂%)အမြတ်ထက် ကျော်လွန် ၍ ရောင်းချခြင်းမပြုရန်၊ အလေးချိန် အချိန်အတွယ်မှန်ကန်စွာရောင်းချပေးရန်၊ သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြ ရန်၊ ဈေးနှုန်းများကို အများမြင်သာအောင် Vinylများဖြင့် ချိတ်ဆွဲရောင်းချလျက်ရှိပြီး ဌာနမှ ထုတ်ပြန်ထားသည့် အမိန့်၊ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)