Main menu

မြင်းခြံမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

          ၂၈-၁-၂၀၂၅ နေ့ (အင်္ဂါနေ့)၊ မွန်းလွဲ(၁၃:၀၀)နာရီအချိန်၌ မြင်းခြံမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြောပွဲ ကျင်းပဆောင်ရွက် ခဲ့ပါသည်။

          မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြား ရေးမှူး)က (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲ အခမ်းအနားကျင်းပ ရခြင်းအကြောင်းနှင့် အဖွင့်အမှာစကားပြောကြားပြီး မြင်းခြံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးနွဲ့(လက်ထောက်ညွှန်ကြားရေးမှူး)မှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ် ထက်သန်မှုကြောင့် လွတ်လပ်ရေး၏အခြေခံ အုတ်မြစ် ဖြစ်သော ပြည်ထောင်စုနေ့တွင် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ တက်တက်ကြွကြွ တာဝန် ထမ်းဆောင်နိုင်ခဲ့ပုံများ၊ မြန်မာ့ဇာတိသွေး၊ဇာတိမာန်တက်ကြွစေရန် ကမ္ဘာကျော်မြန်မာသူရဲကောင်းတို့၏ စွမ်းဆောင်မှုများ၊ “စာအုပ်စာပေလူ့မိတ်ဆွေ” ဆိုသည့်အတိုင်း စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါပြဌာန်းချက်များ၊ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုဝယ်ယူသုံးစွဲနိုင်မှသာ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်များဝယ်ယူရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်နှင့် ကုန်အညွှန်းအမှတ်အသားများ စိစစ်ရွေးချယ်ဝယ်ယူသုံးစွဲကြရန်နှင့် အလေ့အကျင့်များ ရှိစေရန်လိုအပ်ပါကြောင်း၊ နစ်နာဆုံးရှံးမှုများရှိပါက Cell Center 1535 သို့ဖုန်းခေါ်ဆို တိုင်ကြားနိုင်ကြောင်းနှင့် လက်တွေ့ဖုန်းခေါ်ဆိုကာ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဟောပြောပွဲသို့   ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းမုန့်ဈေး ရောင်းချသူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ပြီး မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်၍ ကျောင်းကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချ နေသော ကုန်စည်များကို စစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)