![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_137.jpg?itok=aTy6Ib7P)
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် (၃၀.၁.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် Zabu Kan Tun Trading Co.Ltd နှင့် Lwin Maung Maung Co.Ltd သို့ ယာဉ်အမှတ် 6J-6791 မော်တော်ယာဉ်ဖြင့် ဆီ ပေပါ (၁၀၄) ပေပါတင်ဆောင်လာကြောင်း သိရှိရပါသည်။
အဆိုပါ စားအုန်းဆီများကို မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့မှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/လက်ကား ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် လက်လီ/လက်ကားဆိုင်များ အနေဖြင့် လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(မွန်)