Main menu

ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ အပတ်စဉ်(၃၂) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

         ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၀၈း၀၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်းတွင်ကျင်းပပြုလုပ်သော ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန၊ အပတ်စဉ်(၃၂) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။ ထို့နောက် တိုင်းဒေသကြီးကုသရေးဌာနမှူး ဒေါက်တာမိုးဇော်မှ မောင်မယ်သစ်လွင်များအား သင်ကြားမှုများကို သင်ယူရမည်ဟုပြောကြားခဲ့ပြီး၊ ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းနိုင်မှ မောင်မယ်သစ် လွင်များအား ကြိုဆိုကြောင်းပြောကြားခဲ့ပါသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မတည်ငွေများပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းသူများမှ ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)