Main menu

တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေး အဖွဲ့၏ (၁/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး မှတက်ရောက်

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ သယံဇာတရေးရာဝန်ကြီးအခန်း၌ တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(‌ရွှေ)ရောင်းဝယ်ခြင်းဝန် ဆောင်မှုလုပ်ငန်းကနဦးစိစစ်‌ရေးအဖွဲ့၏(၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်း ပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ အဖွဲ့ဝင်အဖြစ် တက်ရောက် ခဲ့ပါသည်။

          အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတဝန်ကြီးမှ အဖွင့်အမှာ စကား ပြောကြားခဲ့ကာ အတွင်းရေးမှူး၊ တိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ လိုင်စင်ကိစ္စ များနှင့် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော အဖွဲ့ ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအ‌ဝေး အား နေ့လည်(၁၃း၄၅) နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)