Main menu

ရွှေပြည်သာ City Mart သို့ သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးပါ (၄)ဦးတို့သည် ရွှေပြည်သာမြို့နယ် City Mart သို့ (၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀) အချိန်တွင် သွားရောက်၍ ဆန်ရောင်းချမှုအား ကွင်းဆင်းစ်စဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာ City Mart တွင် ရောင်းချနေသော ဆန်အမှတ်တံဆိပ် များမှာ Nursery (ပေါ်ဆန်းမွှေး)၊ Goody (ရွှေဘိုပေါ်ဆန်း)၊ Phu Thit Sa (ပေါ်ဆန်း)၊ Meizan (ပေါ်ဆန်းမွှေး)၊ မြောင်းမြ(ပေါ်ဆန်း)၊ သဘာဝ(ပေါ်ဆန်းမွှေး)၊ ဂွတ်ရှယ်ကောင်း(ပေါ်ဆန်းမွှေး)၊ City Selection (ဧရာဝတီပေါ်ဆန်း)စသည့်ဆန်များကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မရှိပါကြောင်းနှင့် မိမိတို့ဌာနမှ လည်း လိုက်နာမှုမရှိ ပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ခြင်း များ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)