Main menu

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်ဈေးအတွင်း အခြေခံစားသောက်ကုန်များ၏ ဈေးကွက်ဆိုင်ရာ အခြေအနေများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၄.၂.၂၀၂၅ ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် အင်းစိန်ဈေးစည်ပင်သာယာရေးအဖွဲ့နှင့်အတူ အင်းစိန်ဈေး အတွင်းရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေများကို စာရင်းကောက်ယူစုံစမ်း စစ်ဆေးခဲ့ပါ သည်။

စာရင်းကောက်ယူခဲ့သည့် အခြေခံစားကုန်များတွင် ဆန်ကြမ်း/ဆန်ချောနှင့် စားအုန်းဆီ တို့မှာ သက်ဆိုင်ရာဌာန/အသင်းအဖွဲ့များမှ သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးနှုန်းအပေါ် အခြေခံ ရောင်းချရသဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်ကြီးမြင့်မှုမရှိဘဲ ကြက်ဥ ဈေးနှုန်းမှာလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ရောင်းချ ပေးခြင်းတို့ကြောင့် စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူ စားသုံးနိုင်ကြောင်း တွေ့ရှိရ ပါသည်။ အခြားအခြေခံစားသောက်ကုန်များအနေဖြင့် ဈေးကွက် အတွင်း ကုန်ပစ္စည်းပုံမှန်ဝင်ရောက်လျက်ရှိပြီး ပစ္စည်းပြတ်လပ်မှုမရှိပဲ အမှန်တကယ်ဖြစ်ပေါ် နေသည့်ဈေးကွက်ဆိုင်ရာ ဈေးနှုန်းအခြေ အနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)