စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော် နှင့် ဝန်ထမ်းများသည် (၃.၂.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် Mi Novia အမျိုးသမီးဝတ် အထည်ရောင်းဝယ်ရေး လုပ်ငန်း အမှတ်(၆C/၃)၊(၂)ရပ်ကွက် ၊ ဆရာစံလမ်း၊ ရန်ကင်းမြို့နယ် သို့ သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက် အလက်များ ကိုက်ညီမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့် ပတ်သက်၍မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက် ယခုလုပ်ငန်းသည် လူသုံးကုန် (အဝတ်အထည်) လုပ်ငန်း ဖြစ်သည့်အတွက်စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြား ခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(ရန်ကုန်)