စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/မရှိ ကို (၃.၂.၂၀၂၅) ရက်နေ့ ၊နံနက်(၀၉:၃၀)အချိန်တွင် Y&M ဖက်ရှင် ချည်ထည်ပင်ရင်းဒိုင် အဝတ်အထည်ရောင်းဝယ်ရေး လုပ်ငန်း အမှတ်(၆၀၁) မြေညီထပ်၊ မာဃ(၅)လမ်း၊(၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာအကွယ် ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ကြောင်းနှင့် အဝတ်အထည်လုပ်ငန်းဖြစ်သည့် အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာ ဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)