Main menu

ညောင်တုန်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးများကို အွန်လိုင်မှတ်ပုံတင်ခြင်း လုပ်ငန်းဆိုင်ရာနှင့် စပ်လျဉ်း၍ အသိပညာပေး ရှင်းလင်းဆွေးနွေး

Powered by Drupal

(၄.၂.၂၀၂၅)ရက်နေ့ နေ့လည် (၂:၅၅)နာရီမှ (၁၅း၄၀)နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်း မြို့နယ်အဆင့်ဆရာ/ဆရာမများ အား အ.ထ.က-၂ စာသင်ကျောင်းခန်းမတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အခြားသိကောင်းစရာများ အကြောင်းကို သင်တန်းပို့ချခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြသင်တန်း ဟောပြော ပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမငိးစိုးက ပို့ချခဲ့သည့် အကြောင်းအရာ-မှာ စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အခြားသိကောင်းစရာများကို ပို့ချခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပေါ် ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကို ပို့ချခြင်း၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးအတွက် ဒေသတွင် စိုက်ပျိုးထွက်ရှိသည့် လယ်ယာကဏ္ဍနှင့် ဝန်ကြီးဌာနအနေဖြင့် ဆန်စပါး သိုလှောင်ခြင်းကိစ္စရပ်အပေါ် ကြီးကြပ်နိုင်ရန် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကို (၂၄-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၈၂/၂၀၂၄)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ မှတ်ပုံတင်ရာတွင် ဆန်တန်ချိန် (၂၅)တန်နှင့်အထက် (သို့မဟုတ်) စပါးတင်း (၂၅၀၀)နှင့်အထက် သိုလှောင်ရုံ တစ်မျိုးမျိုးပိုင်ဆိုင်သူသည် www.myro.com.mm တွင် အမိန့်ထုတ်ပြန်ပြီး (၂)လအတွင်း မှတ်ပုံတင် လျောက် ထားရမည်အကြောင်း ပို့ချခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အနေနဲ့ စားသုံးသူများကို အကာအကွယ် ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လျှောက် ထားပြီးမှ ရောင်းချခွင့်ရှိပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းများအကြောင်းကိုပို့ချခဲ့ပြီး ဆရာ/ဆရာမ (၃၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)