Main menu

မအူပင်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာ ဟောပြောခြင်း

Powered by Drupal

၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၂:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အဖွဲ့တို့ပူးပေါင်း မအူပင်ခရိုင် အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာ အကြောင်း တို့ကို ဟောပြောဆွေးနွေးခဲ့ပါသည်။

ဟောပြောဆွေးနွေးရာ မအူပင်ခရိုင်မှ ဦးအောင်ဇော်ဦးက အဖွင့်စကားပြော ကြားပြီးနောက် ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးက  ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာ ကိုဟောပြောရာ စားသုံးသူများ၊ ထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များအတွက် ကာကွယ်နိုင်ရန် စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်းအညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)၊ ပုဒ်မ(၄၂)၊ ပုဒ်မ(၄၃)တို့အား ရှင်းလင်း ပြောကြားပြီး ကုန်စည်၏အမျိုးအစား၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အရေအတွက်၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေး ချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရန် လိုအပ်ကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

DOCA (ဧရာဝတီ)