စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း ၍ (၄.၂.၂၀၂၅)ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ၊ နတ်မော်လမ်းရှိ အမှတ်(၅) အခြေခံပညာအထက်တ်းကျောင်း၌ စဉ်ဆက်ပညာရေးလုပ်ငန်း၊ မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား၌ ဆရာ၊ဆရာမ (၉၈)ဦးအား စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်ပတ်သက်၍ သင်တန်းပို့ချ ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ဟင်္သာတမြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စားသုံးသူကာကွယ်ရေး ဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်း များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရိုက်နှိပ်ဖော်ပြထားသော ပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲ သင့်ကြောင်း၊ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းစားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါကတိုင်ကြားနိုင်ကြောင်းကိုလည်းကောင်း၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ကိုလည်းကောင်း ဖုန်းနံပါတ်များကိုလည်း အသေး စိတ်ပြောကြားခဲ့ပြီး နေ့လည်(၁၄:၀၀) နာရီအချိန် တွင် သင်တန်းပို့ချခြင်းကို ရပ်နားခဲ့ပါသည်။
DOCA(ဧရာဝတီ)