![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7_15.png?itok=HfeD6bSu)
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စိန်ဝတ်မှုံလမ်းရှိ စားအုန်းဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က လုပ်ငန်းရှင်အနေဖြင့် စားအုန်းဆီ ရောင်းချ ရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ်ရောင်းချပေးရန်၊ ဆီရောင်းချရာ တွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်း ဈေးထက်မပိုပဲ မှန်မှန်ကန်ကန် ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲ ထား၍ ရောင်းချရန် ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ကုန်အညွှန်းအမှတ်အသားအချက်အလက်ပြည့်စုံသော ကုန်ပစ္စည်းများ၊ မြန်မာဘာသာဖြင့် ပြည့်စုံစွာရိုက်နှိပ်ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်၍ ရောင်းချပေးစေလိုကြောင်း၊လုပ်ငန်းရှင် ဘက်မှလည်း စားသုံးသူများဘေးအန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)