ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ဘိုကလေးမြို့ (၄)ရပ်ကွက်ရှိ (အ.လ.က)ကျောင်းတွင် ဆရာ/ဆရာမ (၁၆)ဦးနှင့် ကျောင်းသူ/သား (၂၁၄)ဦးအား၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံက စားသုံးသူ ကျောင်းသူ/သားများအား ကုန်စည်များဝယ်ယူခြင်းနှင့် စားသောက်ရာဝယ် ကုန်အညွှန်းအမှတ်အသားဖြင့် ဝယ်ယူစေရန် ပြောကြားခြင်း၊ ထုတ်လုပ်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်များကို ကြည့်၍ ဝယ်ယူစားသောက် သင့်ကြောင်း၊ ဓာတုဆိုးဆေးများအကြောင်းပြောကြားခြင်းနှင့် စားသုံးသူများနစ်နာမှုရှိပါက တိုင်ကြားနိုင်ခွင့် အခွင့်အရေးများရှိကြောင်း၊ တိုင်ကြားနိုင်သည့် နည်းလမ်းအမျိုးမျိုးအား ပြောကြားခြင်းနှင့် (၁၅၃၅) သို့ ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)