![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/2_145.jpg?itok=d1d1RTYo)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ရှိ ပြန်ဆက်ရုံး၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် Online Sale နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။
ပြန်ဆက်ရုံး၌ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် Online Sale ရောင်းချ သူများအနေဖြင့် မှတ်ပုံတင်ထားရှိရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ရာတွင် လိုအပ်သည့် အချက် များအားပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရန် Online မှ ကုန်စည်များ ဝယ်ယူရာတွင် Online Sale Reg ဆောင်ရွက်ထားသည့် Blue Mark (မှန်ခြစ်) ပါရှိသည်များမှ ဝယ်ယူကြစေရန်၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ တားမြစ် ကုန်စည်များအကြောင်းနှင့် စားသုံးသူများ နစ်နာမှုရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဖြေရှင်းဆောင်ပေးမှုရှိကြောင်း၊ တိုင်ကြား နိုင်သည့် နည်းလမ်းများအား ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)