ဖျာပုံမြို့ စည်ပင်သာယာရေး ဈေးခေါင်းရုံးတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကုန်စုံဆိုင်အပါအဝင် ဈေးသူ/သား (၂၆) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေး ဟောပြော ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်သည် စားသုံးသူ ကာကွယ်ရေး၏ အဓိပ္ပာယ် ၊ မျှော်မှန်းချက် ၊ ရည်မှန်းချက်များအား ပြောကြားခြင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး (၂၀၁၉) ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ Online shop များ၌ ဝယ်ယူသည့်အခါ စားသုံးသူများ၏ နစ်နာဆုံးရှုံးမှု လျော့နည်းစေရန် မှတ်ပုံတင် ထားရှိသော ဆိုင်များသာ ရွေးချယ်ဝယ်ယူကြရန်နှင့် နစ်နာဆုံးရှုံးမှုများ ရှိခဲ့လျှင် လူကိုယ်တိုင် သော်လည်းကောင်း၊ လူထုဆက်သွယ်ရေး နည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုပုံစံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA(ဧရာဝတီ)