Main menu

ဖျာပုံမြို့နယ်ရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ လိုက်ပါ၍ မေလ(၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် မြို့ပေါ်(၅)လမ်းမကြီးရှိ စတိုးဆိုင်များသို့သွားရောက်၍  စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၁၅) (ခ) စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များအရ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ငှက်သိုက်အရည်ပုလင်းအမျိုးအစားတစ်ခုပေါ်တွင် မြန်မာဘာသာ စာသားများမပါရှိဘဲ ဗီယက်နမ်ဘာသာစာသားဖြင့်ဖော်ပြထားရှိသောကြောင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြည့်စုံမှုမရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၄၁)(၄၃) နှင့် ကိုက်ညီမှုမရှိသည့်အတွက် ယင်းကုန်စည်အား ဆက်လက်ရောင်းချခြင်းမပြုရန် သတိပေးတားမြစ်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)