Main menu

အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချခြင်း

Powered by Drupal

၆.၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတို့ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများကို သက်သာသောဈေးနှုန်းဖြင့် အခြေခံစားကုန်များ ရောင်းချရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခြေခံစားကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ပေါ်ဆန်းမွှေး (၁)ပြည်လျှင် (၅၀၀၀) ကျပ်၊ ဧည့်မထ(ဆန်)(၁)ပြည်လျှင် (၃၀၀၀) ကျပ်၊ ဆီတစ်ပိဿာလျှင် (၈၀၁၉) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၃၈၀) ကျပ်၊ ငါးခြောက်များ၊ ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)