Main menu

ကုန်အညွှန်းအမှတ်အသား သိရှိနိုင်စေရေး စာသင်ကျောင်းများသို့ ဟောပြောဆွေးနွေးအသိပညာပေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၀၈;၃၀)နာရီ အချိန်တွင်  ကျွန်းလှ မြို့နယ်၊  စံပြကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေး အသိ ပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးပြည်စိုးမှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံမှ စားသုံးသူရေးရာဦးစီး ဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ ကမ္ဘာ့စားသုံသူ အခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့ ၌ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက် စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် ၊ စားသုံးသူအခွင့်အရေး(၈)ချက် ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်(၄)ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြား နိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း ၊ မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း ၊ MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်း မေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက်နှင့်ပတ်သက်ပြီး ကျောင်းသား/သူများကို ထုတ်ကုန်လုခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသောက် အသုံးပြုတတ်ရန် နှင့် သက်ဆိုင်ရာ ဌာန၏ ထောက်ခံ ချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက် အသုံးပြုတတ်ရန်အတွက် ဆရာ/ ဆရာမ(၆)ဦး၊ ကျောင်းသား/သူ(၂၃၀) စုစုပေါင်း (၂၃၆)ဦးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၁၉) ကုန်အညွှန်း အမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)