ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ၌ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး ( ARCCI )တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား အား (၆.၂.၂၀၂၅ ) နံနက်ပိုင်းတွင် အခမ်းအနားအစီအစဉ် (၂)ရပ်ဖြင့် ကျင်းပရာ ပန္နက်တင်မင်္ဂလာအခမ်းအနား ကို ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) ဒု-ဥက္ကဌ ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ သယံဇာတရေးရာဝန်ကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန မှ ညွှန်ကြားရေးမှူး နှင့် တိုင်းအဆင့်ဌာနဆိုင်ရာများ ၊ ဒုတိယ ညွှန်ကြားရေးမှူးများ ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ၊ Delta Industrial Group မှ မန်နေဂျင်းဒါရိုက်တာ ၊ ဖိတ်ကြားထားသူ ညီနောင်အသင်းသားများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြ ပါသည်။
ဦးစွာ မင်္ဂလာအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) ဒု-ဥက္ကဌ ၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၊ သယံဇာတရေးရာဝန်ကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ၊ Delta Industrial Group မှ မန်နေဂျင်းဒါရိုက်တာ တို့မှ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး ( ARCCI )တည်ဆောက်မည့် မြေနေရာ၌ ရတနာပန္နက်တိုင်ကို စိုက်ထူပေးပြီး အမွေးနံ့သာ ရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပါသည်။
ဆက်လက်၍ မင်္ဂလာအစီအစဉ်အပိုင်း (၂)တွင် ပုသိမ်မြို့ ၊ မြကျွန်းသာအိမ်ရာ ၊ ပတ္တမြားခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ မင်္ဂလာအဖွင့်အမှာစကား ပြောကြားခြင်း ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI ) ဒု-ဥက္ကဌ မှ ဂုဏ်ပြုစကားပြောကြားခြင်း ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အတွင်းရေးမှူးမှ တည်ဆောက်မည့် အဆောက်အဦ အကြောင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ရုံး တည်ဆောက်မည့်မြေနေရာ ဧရိယာ (၀.၉၉၅) ဧက ၏ မြေပိုင်ဆိုင်မှုအား ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ မှ လက်ခံဆောင်ရွက်ခြင်း ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ ပြီး ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး (ARCCI)၏ မင်္ဂလာပန္နက်တင်အခမ်းအနားကို နံနက် (၁၀:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။ DOCA(ဧရာဝတီ)