Main menu

ပန်းတနော်မြို့နယ် Shwe Nan Oo စတိုးနှင့် Zin Thu Htet & Cottage နှင့် မျိုးမင်း လူသုံးကုန် မှတ်ပုံတင်လျှောက်ထားမှု လုပ်ငန်း(၃)ခုအား မြေပြင်အမှန်တကယ် ရောင်းချမှု ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က EcomReg Systemတွင် မှတ်ပုံတင်ထားသော ပန်းတနော်မြို့နယ်မှ လုပ်ငန်းရှင် (၃)ဦးရှိသဖြင့်  ပန်းတနော်မြို့၊ စားသုံးသူရေးရာ ဦးစီဌာန၊ မြို့နယ်တာဝန်ခံနှင့် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဒေါ်သဇင်ဦး ဒု-ဦးစီးမှူး က အွန်လိုင်းရောင်း ချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လုပ်ငန်းများအား (၂၃.၁.၂၀၂၄)ရက်နေ့မှ (၃.၂.၂၀၂၅) ရက်အတွင်း မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။

          မြေမြင်ကွင်းဆင်းစစ်ဆေးရာ ဒေါ်သဇင်ဦး ဒု-ဦးစီးမှူးက ပန်းတနော်မြို့နည်မှ မှတ်ပုံတင် လျှောက်ထားသူ Shwe Nan Oo စတိုးနှင့် Zin Thu Htet & Cottage နှင့် မျိုးမင်း လူသုံးကုန်အမျိုးမျိုး ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် အမှတ် ၁၁၆ ပိုင်ရှင် တည်နေရာလိပ်စာ ဖုန်းနံပါတ် အတိုင်း ဆက်သွယ်သွားရောက် သို့ ကွင်းဆင်းခဲ့ပြီး လုပ်ငန်းရှင်းများ  လျှောက်ထားစဉ်က တင်ပြထား သည့် အချက်အလက်များကို မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များနှင့် ကိုက်ညီမှုရှိ/ မရှိစစ် ဆေးခြင်း၊ ရောင်းချသော ကုန်စည်များ တရားဝင်မှတ်ပုံတင်ခွင်ပြုချက်ဖြင့် တင်သွင်ကုန်စည်များ ဟုတ်မဟုတ်ကို စစ်ဆေးခြင်း၊ သက်ဆိုင်ရာထောက်ခံချက်များ ပါရှိ/မရှိကို စစ်ဆးခြင်း၊ ရောင်းချသည့် ကုန်စည်သည် တင်ပြထားစဉ်အတိုင်း ကိုက်ညီမှု ရှိ/မရှိ၊ ကိုယ်ပိုင်ထုတ်ကုန်ရောင်းချမှု ရှိ/မရှိကို စစ်ဆေး DOCA Application  အသုံးပြု၍ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို အတည်ပြု စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံတင်ခြင်းပြုလုပ်ခဲ့ပြီး၊ စိစစ်တွေ့ရှိချက်များကို စစ်ဆေးရေးအရာရှိမှ ဦးစီးဌာနသို့ ဆက်လက်တင်ပြပြီး လုပ်ငန်းရှင်များကို စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အကြောင်း ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းတို့ကို လုပ်ငန်းရှင်များအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်

DOCA (ဧရာဝတီ)