Main menu

မြန်အောင်မြို့နယ်ရှိ စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်းအား သွားရောက်စစ်ဆေး၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ၆.၂.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံ ဦးသန့်ဇင် နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ဖွင့်လှစ်ရောင်းချနေသော “ဦးမင်းဇော်ဦး” စားသုံးဆီရောင်းဝယ်ရေးလုပ်ငန်း အား သွားရောက် စစ်ဆေးမှုများ ပြုလုပ်၍ကာ လုပ်ငန်းပိုင်ရှင် ဦးအးနိုင်နှင့်တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ လုပ်ငန်း ရှင်၏ တာဝန်များအကြောင်း ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ အကြောင်း နှင့် စားသုံးဆီပတ်သက်၍ ညွှန်ကြားချက်အမှတ်( ၁/၂၀၂၁) တို့အား အသိပညာပေး ဆွေးနွေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)