ပြည်တွင်း၌ စားသုံးဆီဖူလုံမှုအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည် ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ မြောင်းမြခရိုင်တာဝန်ခံ ဦးဇော်မင်း နှင့် အဖွဲ့သည် မြောင်းမြခရိုင်းအတွင်းရှိ တော်တလုတ်ကျေးရွာတွင် စိုက်ပျိုးထားသော ဆီထွက် သီးနှံ နေကြာစိုက်ခင်း၊ ရွှေကောင်းလှော်ကျေးရွာတွင် စိုက်ပျိုးထားသည့် ဆီထွက် သီးနှံ မြေပဲစိုက်ခင်း နှင့်ရေလဲကျေးရွာတွင် စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းစိုက်ခင်း တို့၏ စံပြစိုက်ခင်း နှင့် ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်း တို့၏ ဖြစ်ထွန်းအောင်မြင်မှုအခြေအနေ များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရှိ တာဝန်ရှိသူများအပါအဝင် ခရိုင်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ ပါသည်။ ထို့အပြင် မြောင်းမြခရိုင်အတွင်းရှိ ကျုံနတ္ထော် ကျေးရွာတွင်စိုက်ပျိုးထားသည့် မတ်ပဲ စိုက်ခင်းများဖြစ်ထွန်းမှု အခြေအနေ နှင့် မတ်ပဲဈေးကွက် အခြေအနေများကိုလည်း လေ့လာ မှုများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ဧရာဝတီ)