![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7_97.jpg?itok=kIvy3YYX)
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၊ ကျွန်းကလေးကျေးရွာ ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်သို့ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် (၆.၁.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီနှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်း အချက်များ သိရှိစေရန်၊ အလေးချိန်မှန်ကန်မှုရှိစေရန် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံ ချက်ပေးနိုင်သည့် အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေ ရေးနှင့်စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀) ပါ စီးပွား ရေးလုပ်ငန်းရှင်၏ တာဝန်များအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ပဲခူး)