Main menu

“ ဆောင်းသီးနှံ စိုက်ပျိုး ရာသီတွင် ကျောက်တန်းမြို့နယ်၌ ပဲတီစိမ်းလျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပြီး သီးနှံများဖြစ်ထွန်းအောင်မြင်လျက်ရှိ”

Powered by Drupal

ကျောက်တန်းမြို့နယ်၊  ဖေဖော်ဝါရီ  () ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကျောက်တန်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ပဲတီစိမ်း ၈၁၀၇၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး ဒေသခံတောင်သူများက လျာထားချက်ပြည့်မီစေရေးအတွက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် လျာထားဧက ရာနှုန်းပြည့်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးထားသည့် ပဲတီစိမ်းသီးနှံများ ဖြစ်ထွန်းအောင်မြင် လျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေးဦးစီးဌာနက         ပဲတီစိမ်းစိုက်ပျိုးတောင်သူများကို အထွက်နှုန်းတိုးတက်ကောင်းမွန်စေရန် ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်တကျသုံးစွဲရေး၊  ပိုးမွှားရောဂါ မကျရောက်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ စိုက်ပျိုးရေးသွင်းအားစုများမှန်ကန်စွာ သုံးစွဲ တတ်စေရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ် တောင်သူ များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောက်တန်းမြို့နယ်တွင် ပဲတီစိမ်းသီးနှံအား အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းစားသုံးမှုဖူလုံစေ မည့်အပြင် ပြည်ပပို့ကုန်အဖြစ်ပါ တင်ပို့နိုင်မည်ဖြစ်ရာ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ပဲတီစိမ်းသီးနှံအား ယခုထက် ပိုမိုကြိုးပမ်းစိုက်ကြရမည်ဖြစ်ကြောင်း သိရသည်။

DOCA(ရန်ကုန်)