![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_123.jpg?itok=bWPCkOVU)
၆.၂.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့သည်။
ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးခဲ့ပြီး ငွေစာရင်းဌာနခွဲမှ တာဝန်ခံ ဦးစီးအရာရှိ ဒေါ်တိုးတိုးယဉ်က ငွေစာရင်းဆိုင်ရာကိစ္စရပ်များအကြောင်းဆွေးနွေးခြင်း၊ ဌာနခွဲစာရေး ဦးအောင်ညီညီခန့်က ကြီးကြပ်မှုဘာသာရပ်နှင့်စပ်လျဉ်းသည့် သိကောင်းစရာ များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)