Main menu

အညာဒေသထွက်ရာသီစာတမာရွက်

Powered by Drupal

၆.၂.၂၀၂၅

                  မန္တလေးမြို့တွင် ရာသီစာ တမာရွက်များကို ဈေးများတွင် စတင်ရောင်းချနေပြီဖြစ်ပါ သည်မန္တလေးမြို့သည် တမာပင်များပေါများသည့်အတွက် စားတမာပင်များလည်း ပေါများလှ ပါတယ်ပုသိမ်ကြီး၊အမရပူရနှင့်မတ္တရာနယ်တဝိုက်မှ ယခုအခါတမာရွက်ပြုတ်များ ဒေသအခေါ် တောသည်များမြို့တွင်းများသို့ ဝင်ရောက်လျှက်ရှိပါသည်တမာရွက်ဈေးအနေနှင့်၁၀ကျပ်သား ၁၅၀၀ကျပ်နှင့်ရောင်းချလျှက်ရှိပြီးမန္တလေးမြို့ခံများအနေနှင့် တမာရွက်ကိုစားသုံးသည့် အပြင်အညာတမာကို မိမိတို့ဆွေမျိုးမိတ်ဆွေများကို ပေါ်ဦးပေါ်ဖျားအနယ်နယ်အရပ်ရပ်သို့ ပေးပို့ကြပါသည်တမာရွက်ကြိုက်နှစ်သက်သူများ အနေနှင့်အညာတမာကိုနှစ်နှစ် သက်သက် စားသုံးကြပါသည်အညာတမာသည် အခြားဒေသထွက် တမာများနှင့်မတူဘဲ အဖူးအညွန့်လေး များမှာ နုနုလေးများနှင့်စားကောင်းသည့်အညာဒေသ ထွက်ရာသီစာတစ်ခုဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်၊

DOCA(မန္တလေး)