![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5_14.png?itok=km3PG3P-)
ဖေဖော်ဝါရီလ(၅)ရက်၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံး၌ တံတားဦးမြို့ပေါ်ရှိ စားအုန်းဆီရည်ညွှန်ဈေးဖြင့်ရောင်းချသည့် ဆီဆိုင်လုပ်ငန်းရှင် များနှင့်တွေ့ဆုံခဲ့ပါသည် ။ ထိုသို့တွေ့ဆုံရာတွင် ဆီကိုယ်စားလှယ်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့်ရောင်းချ ပေးသွားရမည်ဖြစ်ကြောင်း၊ လက်လီ၊ လက်ကားဆိုင်ခွဲများမှလည်း စားသုံးသူပြည်သူများသို့ ၂% အမြတ်တို့ဖြင့် ပြန်လည်ရောင်းချခြင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် နှင့် သတ်မှတ်ခွဲတမ်းများအား ပြည့်ဝစွာရောင်းချသွား ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
DOCA(မန္တလေး)