![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/11_70.jpg?itok=C_TQTuIs)
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအနေ နှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ် ၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြစ်သား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ အွန်လိုင်း ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဆုရည်ထွေး (ဒု-ဦးစီးမှူး)မှ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင် (ဒုတိယဦးစီးမှူး)မှ ပြောကြားရာတွင် Online Shopping နှင့်ပတ်သက်၍ Online Shop လိုင်စင် အသစ်လျှောက်ထားမည့် စီးပွားရေးလုပ်ငန်းရှင်များအား Online Shopping လျှောက်ထားမည် ဆိုပါက လိုအပ်သည့်အချက်အလက်များအား www.ecomreg.gov.mm website တွင် ဝင်ရောက် ကြည့်ရှုလျှောက်ထားနိုင်ပါကြောင်း ၊ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီသတိပြုရမည့်အချက်များ၊ Online မှ ဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက် များ၊ စားသုံးသူများ၏အခွင့်အရေးနှင့်စားသုံးသူများအနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စာဖြင့်ဖြစ်စေ ၊ လူကိုယ်တိုင်ဖြစ်စေ ပြည်ထောင်စု နယ်မြေ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်များ နှင့် ခရိုင်ရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေး နှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများဖွင့်လှစ်ထားကြောင်း၊ Consumer Call Center နံပါတ်ဖြစ်သည့် 1535 သို့လည်း တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)