![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/15_60.jpg?itok=aZ_QJQDG)
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း ဆောင်ရွက်လျက်ရှိရာ (၂၉.၁.၂၀၂၅) ရက်နေ့၊ ညနေ ၁၅:၀၀ အချိန်တွင် ညောင်ဦးမြို့နယ်၊ အနောက်အုံကျေးရွာနှင့် ဇီးစားမျှင် ကျေးရွာများရှိ ပဲကြော်လုပ်ငန်း၊ ပဲခွဲစက်လုပ်ငန်း၊ ပဲအခွံချွတ်စက်လုပ်ငန်း၊ ဇီးခွဲစက်လုပ်ငန်းများ အား စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေးခြင်း များဆောင်ရွက်ခဲ့သည်။
MSMEs စားသောက်ကုန်လုပ်ငန်းများသို့ ခွဲဝေချထားပေးသော စက်မှုလုပ်ငန်းသုံး စားအုန်း ဆီများ အမှန်တကယ်အကျိုးရှိစွာ အသုံးချမှုရှိ / မရှိနှင့်၎င်းလုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ လျက်ရှိသော ထုတ်ကုန်များ ဈေးကွက်သို့မတင်ပို့မီ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ဖြစ်စေရေးနှင့် စားသုံးသူဘေးကင်းလုံခြုံမှုရှိသော ကုန်စည်များထုတ်လုပ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်း ရှင်များအား ဥပဒေနှင့်အညီဆောင်ရွက်နိုင်စေရေးနှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကူညီ ပေးခြင်း၊ MSMEလုပ်ငန်းများ ကြီးထွားလာစေရန် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေရရှိရေး၊ မိမိတို့ ထုတ်လုပ်သောထုတ်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက် များသို့တိုင် ထိုးဖောက်ရောင်းချနိုင်ရန်အတွက် အရည်အသွေးကောင်းမွန်ပြီး တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေး၊ လုပ်ငန်းခွင်များတွင် သန့်ရှင်းသပ်ရပ်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပြီး၊ အရည်အသွေးကောင်းမွန်ပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော ကုန်ကြမ်းများကိုသာ သုံးစွဲထုတ်လုပ်နိုင်စေရေး၊ စားသုံးသူအား စိတ်စေတနာအပြည့်အဝထား၍ စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးတို့အတွက် ကွင်းဆင်းမှုများဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
DOCA(မန္တလေး)