![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/16_51.jpg?itok=Qm9S9_pC)
ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် ညောင်ဦးမြို့နယ်ရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးမှုကို ညောင်ဦးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌(၂.၂.၂၀၂၅) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြားရေးမှူး)က MSME လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စက်မှုလုပ်ငန်း သုံး စားအုန်းဆီများကို နိုင်ငံတော်မှ ရောင်းချထုတ်ပေးခဲ့ပါကြောင်း၊ ယခုလည်း ဆက်လက်ထုတ် ပေးသွားမည်ဖြစ်ပြီး၊ MSME လုပ်ငန်းများတွင် အသုံးပြုရမည့်စားအုန်းဆီများအား လုပ်ငန်းရှင် များလျှောက်ထားခဲ့သည့် စက်မှုလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များ၏ လစဉ်စားအုန်းဆီလိုအပ်ချက်များကို ကွင်းဆင်းစိစစ်၍ လုပ်ငန်းပမာဏအလိုက် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများထိခိုက်နစ်နာမှု မဖြစ်ပေါ် စေရေးကာကွယ်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဥပဒေနှင့်အညီ ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာပါရှိရေး၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကူညီပေးခြင်း၊ MSME လုပ်ငန်း များအားသက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ထောက်ခံချက်များ၊ နည်းပညာများ၊ အရင်းအနှီးချေးငွေရရှိရေး သက်ဆိုင်ရာဌာနများမှလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း လုပ်ငန်းရှင်များ သိရှိနားလည်စေရန် ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့်ဟောပြောပွဲသို့ လုပ်ငန်းရှင် (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)