Main menu

ညောင်ဦးမြို့နယ်ရှိ ကျေးရွာများသို့ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

         (၁.၂.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ညောင်ဦးမြို့နယ် အနောက်အုံကျေးရွာ နှင့် ယာတောကြီးကျေးရွာရှိ ပဲကြော်လုပ်ငန်း၊ ထန်းလျက်လုပ်ငန်း၊ ပဲလှော်လုပ်ငန်း၊ ဇီးခွဲစက်လုပ် ငန်း၊ ပဲခွဲစက်လုပ်ငန်းများသို့ ညောင်ဦးခရိုင် /မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနနှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသတွင်း MSME လုပ်ငန်းများဖွံဖြိုး တိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းစိုး (လက်ထောက်ညွှန်ကြား ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့်စပ်လျဉ်း ၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီဖော်ပြရမည့်အချက်များ၊ မိမိတို့ ထုတ်လုပ်သော ကုန်စည်နှင့်ပတ်သက်၍ စားသုံးသူမှ တစ်စုံတစ်ခု ထိခိုက်နစ်နာဆုံးရှုံးမှုများရှိလာပြီး အရေးဆိုတိုင်ကြားလာသည့်အခါ ဥပဒေနှင့်အညီစစ်ဆေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် နိုင်ငံတော်မှသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသောလုပ်ငန်းသုံးစားအုန်းဆီ များကိုလည်း အမှန်တကယ်အသုံးပြုကြရန်ဆွေးနွေးပြောကြားခဲ့ကြောင်း၊ သက်ဆိုင်ရာခရိုင်/ မြို့နယ်ဌာနဆိုင်ရာများကလည်း စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်လုပ်သည့် ကုန်ကြမ်းပစ္စည်းများအရည်အသွေးကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်စွာ သုံးစွဲထုတ်လုပ်ကြရန်၊ MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ကူညီလုပ်ဆောင်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် ဌာနများနှင့်လိုအပ်သည်များ ချိတ်ဆက်လုပ်ဆောင်ကြရန် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)