![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/4_125.jpg?itok=PbhDWNNv)
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းရှင်များထံသို့ စားသုံးသူ အသိပညာပေး လုပ်ငန်းများကို လျာထားချက်များထား၍ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီ တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော် နှင့် ခေါင်းဆောင်သော အဖွဲ့သည် (၄.၂.၂၀၂၅) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ ဈေးတာဝန်ခံများ နှင့် ဈေးရောင်းချနေသည့် ဆိုင်ရှင် စုစုပေါင်းဦးရေ (၃၅) ဦးတို့အား စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုများ၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြေညာချက်ဖြင့် သတ်မှတ်ထားသည့် အရေးကြီး ကုန်စည် နှင့် အရေးကြီးဝန်ဆောင်မှုများ၊ Online Sale မှတ်ပုံတင်ခြင်း နှင့် ပတ် သက်၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်နေရသည့် တာဝန်များအား အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ပါသည်။
DOCA(ဧရာဝတီ)