Main menu

မအူပင်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာ ဟောပြောခြင်း

Powered by Drupal

၃.၂.၂၀၂၅ ရက်နေ့ နံနက်(၁၄:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာန၊ ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အဖွဲ့တို့ပူးပေါင်း မအူပင်ခရိုင် အစိုးရနည်းပညာ အထက်တန်း ကျောင်းတွင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာ အကြောင်း တို့ကို ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးအား ဟောပြောဆွေးနွေးခဲ့ပါသည်။

ဟောပြောဆွေးနွေးရာ မအူပင်ခရိုင်မှ ဦးအောင်ဇော်ဦးက အဖွင့်စကားပြော ကြားပြီးနောက် ဒေါ်သဇင်ဦး ဒု-ဦးစီးမှူးက  အွန်လိုင်းစနစ်ဖြင့်ရောင်းချသူ(Online Sales)များ မှတ်ပုံတင်ရန်အတွက် အမိန့်ကြော်ငြာစာပါ အချက်အလက်များကို ရှင်းလင်းခြင်း၊ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ရန် နည်း လမ်းများ၊ မှတ်ပုံတင်ရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင် မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales)၊ လုပ်ငန်းမှတ်ပုံတင်(အသစ်) လျှောက်ထားရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်များ၊ မှတ်ပုံတင်လျှောက်ထားရာတွင် သိရှိရန် အချက်များစသည်တို့ကို ပြည့်ပြည့်စုံစုံ ဆွေးနွေးခြင်း၊ အွန်လိုင်းဖြင့် ကုန်စည်ဝယ်ယူမှုနှင့် စားသုံးသူ ထိခိုက်နစ်နာမှုကိစ္စရပ်များ ဖြစ်ပေါ်နေ၍ ဥပဒေဖြင့် ကာကွယ်ဆောင်ရွက် လျက်ရှိပြီး အွန်လိုင်း ပလက်ဖောင်းတွင် ဖြစ်ပေါ်နေမှုများကို ထိန်းကြောင်းခြင်းဖြစ်ကြောင်း၊ Consumer Call Center 1535သို့ သိလိုသည်များ မေးမြန်းဆောင်ရွက်နိုင်ပါကြောင်းကိုလည်းကောင်း ရှင်းလင်းခဲ့သည်။

ဆက်လက်၍ မည်သူမဆို အွန်လိုင်း (Online)စနစ်မှ တစ်ဆင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင် ဆောင်ရွက်လိုပါက အွန်လိုင်း (Online) စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင် လက်မှတ် လျှောက်ထား ရရှိပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး လက်မှတ်ကို အွန်လိုင်း (Online) စနစ်မှ ‌စတင်လျှောက်ထားရမည် ဖြစ်ရာ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အွန်လိုင်း (Online)စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ အခွင့်အာဏာ အပ်နှင်းခြင်းခံရသည့် ကုန်သွယ်ရေးဦးစီးဌာန၏ Website ဖြစ်သော www.ecomreg.gov.mm တွင်ဝင်‌ရောက်၍ လျှောက်ထား ရမည်ဖြစ်ကြောင်း၊ www.ecomreg.gov.mm တွင် မှတ်ပုံတင်ရမည့် အဆင့်ဆင့်ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင်ခြင်း လုပ်ငန်းအမျိုးအစား အလိုက် မှတ်ပုံတင်ကြေး  ကုမ္ပဏီ (သို့) အဖွဲ့အစည်း မှတ်ပုံတင်ကြေး ၇၀၀၀၀ကျပ်၊ ကုမ္ပဏီ (သို့) အဖွဲ့အစည်း များမှ  MSMEs ဆိုင်ရာအသိအမှတ်ပြု အထောက်အထားပါရှိပါက မှတ်ပုံတင်ကြေး ၅၀၀၀၀ကျပ်သာ ကျသင့် ပြီး၊ လူပုဂ္ဂိူလ် တစ်ဦးချင်း အတွက် မှတ်ပုံတင်ကြေး ၃၀၀၀၀ကျပ် ကျသင့်ကြောင်း သတ်မှတ်ချက်များကို လိုက်နာမှု မရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)အရ အနည်းဆုံး ထောင်ဒဏ် (၆)လမှ (၃)နှစ် အထိ ချမှတ်နိုင်ကြောင်းကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်သူ ကျောင်းသား/ ကျောင်းသူ (၅)ဦးမှ သိရှိလိုသည်များမေးမြန်းသဖြင့် ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)